အိမ်လေးအတွင်းမှာ Kitchen လေးတွေကို ထားတတ်သလို တစ်ခါ တစ်ခါ မှာ Outdoor အနေနဲ့လည်း Kitchen လေးတွေကို ထားတတ်ပါသေးတယ်… ။ အောက်က ပုံမှာ
Outdoor Kitchen လေးကို မြင်နိုင်ပါတယ်…။

ကျွန်တော်တို့ နိုင်ငံမှာတော့ အချို့အိမ်တွေက အိမ်မကြီးကနေ အဖီလေးတွေ တွဲပြီး Kitchen လေးတွေကို ထားတတ်ကြပါသေးတယ်…။ ဒီလို အဖီလေးတွေ တွဲပြီးထားတဲ့အခါဆိုရင်တော့ Design စဉ်းစားတဲ့အခါမှာ ပုံမှန်ထက် Right Height, Sufficient Light, Access Equipment နဲ့ Suitable Ventilation ရရှိအောင် ပိုပြီး ဂရုစိုက်ပေးရမှာပါ..။
Working Triangle လေးရဲ့ ပတ်ပတ်လည် အလျား (Perimeter) လေးဟာ
Minimum 12’ ကနေ Maximum 22’ အတွင်း မှာ ရှိအောင်လည်း ဂရုပြုပေးရမှာပါ…။
Working Triangle ပေါ်မူတည်ပြီး Layout Plan လေးတွေကို စဉ်းစားပေးရသလို တစ်ဖက်မှာလည်း Kitchen တစ်ခုကို
Eating Zone, Baking Zone, Cleaning Zone, Cooking Zone ဆိုပြီး သက်ဆိုင်ရာ အပိုင်း ကဏ္ဍအလိုက် Zone လေးတွေ ခွဲခြားပြီး Function နရီ မှန်အောင် စဉ်းစားပေးရပါတယ်..။

အဓိက အနေနဲ့ကတော့ Working Triangle အတွင်း Cooker, Sink, Fridge ဆိုတဲ့ Cooking, Cleaning, Storage Function ကို အထူးဦးစားပေး စဉ်းစားသလို Zone အပိုင်းလိုက် Appliances လေးတွေ Equipment လေးတွေကို နေရာချမှန်ကန်ဖို့လည်း စဉ်းစားဖို့ပါ…။
Kitchen လေးကို Layout အလိုက် Zone အလိုက် ပိုင်းခြားပြီး Plan ချဖို့ စဉ်းစားသလို ဒီ Plan လေးအတွင်းမှာ Kitchen ကို
Fitted အနေနဲ့ ထားရှိမှာလား၊
Unfitted အနေနဲ့ ထားရှိမှာလား ဆိုတာကိုလည်း စဉ်းစားပေးရမှာပါ…။
Fitted Kitchen လေးတွေက Standard ပိုဖြစ်တဲ့အလျောက် ဈေးကွက်အတွင်းမှာ လွယ်လွယ်ကူကူ ၀ယ်ယူလို့ရနိုင်သလို Install လုပ်ဖို့လည်း လွယ်ကူပါတယ်..။
Neat & Tidy ဖြစ်တဲ့ Fitted Kitchen လေးတွေဟာ Small Space လေးပဲ ရရှိတဲ့ Kitchen လေးတွေအတွက် အဆင်ပြေစေပါတယ်..။ Material တွေကလည်း Uniform ဖြစ်နိုင်သလို Harmony ဖြစ်တဲ့ Design လေးကို ခံစားနိုင်ပါတယ်….။
တစ်ဖက်မှာ Unfitted Kitchen လေးတွေကတော့ ဒီဇိုင်းလေးတွေကို စနစ်တကျ စဉ်းစားပြီး သီးခြား ခွဲထွက် လုပ်ကိုင်နိုင်တဲ့အတွက် Personal ပိုဆန်တယ်လို့ ဆိုနိုင်ပါတယ်…။
Kitchen တစ်ခုဟာ Layout Plan လေးတွေ Confirm ဖြစ်ရင်တော့ ဒီ Kitchen လေး အတွင်းမှာ အသုံးပြုဖို့ Gas, Electricity, Water, Heating တွေကို ဘယ်လို ယူမှာလဲဆိုတဲ့ Power service တွေကို ဘယ်လိုပေးမလဲဆိုတာ ဆက်လက်စဉ်းစားပေးရပါတယ်…။ Safety ဖြစ်ဖို့ အထူး စဉ်းစားရသလို Function မှန်ဖို့လည်း စဉ်းစားပေးရပါတယ်..။ တစ်ဖက်မှာ Lighting Effect တွေကို ထည့်သွင်းစဉ်းစားဖို့ လိုသလို Noise ကို ထိန်းဖို့ Walling နဲ့ Ceiling တွေရဲ့ Material တွေကိုလည်း ဂရုပြုပေးရပါတယ်…။ အသေးစိတ် စဉ်းစားရင်တော့လည်း အများကြီးပေါ့

…
ဒီဇိုင်နာ တစ်ဦးအတွက်ကတော့ မိမိကို ယုံကြည်ကိုးစားပြီး လာခဲ့တဲ့ Client တွေအတွက် သူတို့လိုအပ်ချက်တွေကို သိနားလည်ဖို့ ကနဦး ကြိုးစားသင့်သလို Client တွေရဲ့ Nature ကိုလည်း ဖမ်းဆုပ်မိဖို့က အရေးအကြီးဆုံးဖြစ်မှာပါ…။
တစ်ဖက်မှာလည်း မိမိအနေနဲ့ သူတို့အတွက် စဉ်းစားပေးပုံနဲ့ မိမိ ဒီဇိုင်းရဲ့ Effect ဖြစ်ပုံကို Client တွေကို နားလည်အောင် ရှင်းပြပေးဖို့ လိုမှာပါ…။
မသိ နားမလည်ထားတဲ့သူတွေဆိုရင်လည်း Educated လုပ်ပေးဖို့ လိုမှာပါ…။
ကျွန်တော်ကတော့ စာဖတ်တာနဲ့ တွေးတာကိုပို ၀ါသနာပိုပါပေမယ့် Educated လုပ်ဖို့တော့ နည်းနည်းပျင်းတယ်….
အခုကတော့ အေးဆေးပေါ့.. ။ နောက်တော့လည်း ကြိုးစားရမှာပေါ့လေ…
….။