BIM (သို့မဟုတ်) စိန်ခေါ်နေသော နည်းပညာBIM အကြောင်း မတိုင်ခင်မှာ software တွေအကြောင်း အရင် တီးခေါက်ကြည့်တာပေါ့…။ Software တွေနဲ့ ကျွန်တော်တို့ရဲ့ဘ၀ဟာ ဟင်းအမယ်စုံတဲ့ စားပွဲဝိုင်းကြီးထဲမှာ အရသာတစ်မျိုးဆီကို မြည်းစမ်းရင်း ကိုယ်နှစ်သက်ရာကို ရှာဖွေရတဲ့ ခံစားမှုတစ်ခုလိုပါပဲ….။ ကိုယ် နှစ်သက်တဲ့ အရသာကို သိပြန်တော့လည်း အဲ့ဒီ အရသာကို ရဖို့ ဘယ်လိုနည်းလမ်းနဲ့ ချက်ပြုတ်ရမလဲဆိုတာ သိဖို့လိုသလို ကိုယ်လိုချင်တဲ့ result တစ်ခုဆီကို သွားဖို့ ဘယ်လို အကောင်းဆုံး အထောက်အပံ့တွေကို ယူရမလဲဆိုတာ သိဖို့လိုပြန်ပါတယ်…။ ဒီလိုပဲ ကျွန်တော်လည်း ဟင်းတွေကို လိုက်မြည်းစမ်းရင် ရောက်ရှိသွားတာကတော့ BIM ပေါ့…. ။ :2:
CAD တွေမှာက ကိုယ်ကပဲ Line လေးတွေကို လိုက်ပြီး မှတ်သားရတယ်…။ ကိုယ့် ဆွဲလိုက်တဲ့ line လေးတွေဟာ အသက်မရှိပါဖူး…။ ထို့အတူပါပဲ… MAX နဲ့ဆိုရင်လည်း ပုံလေးတွေ ကြွတက်လာလို့ တကယ့် actural world ထဲကို ရောက်ရှိသွားတဲ့ ခံစားမှုလေးတွေ ရရှိနိုင်ပါရဲ့… ကိုယ်ဆွဲလိုက်တဲ့ Line လေးတွေနဲ့ စကားပြောဖို့ မလွယ်လှဖူး…။ ETABS တို့မှာ modeling လုပ်ပြန်တော့လည်း အရာအားလုံးဟာ ဘယ် Line ဟာ ဘယ် member ဖြစ်ပါစေ… ဘယ်လို effect မျိုးကို ပြန်ပြီး response လုပ်နိုင်တဲ့ member size ကို ရရှိပါစေ ဆိုပြီး modeling လုပ်ရပြန်ရော…..။ Extrusion လေးလုပ်ကြည့်ပြန်တော့လည်း structural software တွေရဲ့ model မှာ frame ဟာ frame type ပါပဲ….။ နောက်တစ်ခုကတော့ BIM. :O
_._._._._._._._._._._._._._._._.
BIM (Building Information Modeling) ဆိုတာ Building တစ်ခုလုံးရဲ့ Building တစ်ခုလုံးရဲ့ ဒီဇိုင်းတစ်ခု (တစ်နည်းအားဖြင့် proposed လုပ်လိုက်တဲ့ ဒီဇိုင်းကနေ နောက်ဆုံး ရွေးချယ်လိုက်တဲ့ ဒီဇိုင်းအထိ) ဖန်တီးပေးဖို့ ကြိုးစားရုံတင်မကပါဖူး တည်ဆောက်ရေး process တွေနဲ့ အဲ့ဒီ building ရဲ့ သက်တမ်းတစ်လျှောက်လုံး ကြုံတွေ့လာမယ့် အနာဂတ် တစ်နေရာအထိကို ကြိုတင် တွက်ချက်ပြီး computer ထဲမှာ အစမ်းတည်ဆောက်ထားခြင်း တစ်မျိုးပါ….။ CAD လို drafting software တွေ၊ နောက် MAX လို visualized လုပ်တဲ့ software တွေ၊ ETABS တို့လို structural analysis software တွေရဲ့ လုပ်နိုင်စွမ်းကို အကုန်ပေါင်းစပ်ပေးထားသလိုပါပဲ…။
BIM နဲ့လုပ်ရင် three dimensional ကို မြင်ရတယ်….၊ ကိုယ်တိုင် တည်ဆောက်နေသလို ခံစားရတယ်….၊ နောက် construction process တစ်ခုလုံးကို ကိုယ်က တစ်ဆင့်ခြင်း control လုပ်နိုင်တဲ့ real time တစ်ခုထဲကို ရောက်ရှိသွားသလိုပေါ့..။ သက်မဲ့အရာလေးတွေ Intelligent ဖြစ်လာပုံများနော်…

နောက်ဆုံး ကိုယ်က ဒီဇိုင်းတစ်ခုနဲ့ တည်ဆောက်ပြီး လက်တွေ့မှာ အသုံးပြုတော့မယ်ဆိုတဲ့အခါမှာ သူက workshop တွေအတွက် (actual လုပ်ငန်းခွင်အတွက်) လိုအပ်တဲ့ shop drawing တွေနဲ့ material quantity တွေပါ ထုတ်ပေးလိုက်ရော….။ ကဲ… ကွန်ပျူတာ ပညာရပ်တွေရဲ့ အစွမ်းဟာ တော်တော် ကြောက်စရာ မကောင်းဖူးလား….။
BIM ရဲ့ tool လေးတွေ ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်….။
_._._._._._._._._._._._._._._._.
Construction industry တစ်ခုလုံးမှာ အရေးအကြီးဆုံးက Creative Design, Safety နဲ့ Economic ဖြစ်ဖို့ပါ..။ ဒီအတွက် ပူးပေါင်းလုပ်ဆောင်မယ့် သူတွေအားလုံး closely အနေနဲ့ ပါဝင်ဖို့လိုပါတယ်…။
ဒီအတွက်လည်း
BIM ဆိုတဲ့ technology က ဖြည့်ဆည်းပေးထားပါတယ်..။ BIM များဖြင့် run နေတဲ့ project တွေမှာ ပါဝင်တဲ့သူတွေဟာ ပိုပြီး closely ဖြစ်နိုင်ပြီး မိမိရဲ့ target ကိုလည်း ပိုမိုထင်ရှားစွာနဲ့ သွားနိုင်လာပါတယ်…။ ကျွန်တော်တို့နိုင်ငံမှာ BIM က ကျယ်ကျယ်ပြန့်ပြန့် မသုံးသေးပေမယ့် ကမ္ဘာတစ်ဝှမ်းမှာတော့ BIM ကို အခြေတည်တဲ့ project တွေက များလာနေပါပြီ…။ တစ်နေ့ ပြောင်းလဲလာမယ့် အရာတွေအတွက် ကြိုတင်ပြင်ဆင်ကြရအောင်နော်…။ :

BIM ဟာ civil engineering field အတွက်-
More Experts!
THINKING more innovatively
DESIGNING more intelligently
MANAGING more porducitvely
CONSTRUCTION more powerfully ဖြစ်လာမှာ အသေအချာပါပဲ….။
_._._._._._._._._._._._._._._._.
ဒီနေရာမှာ တော့ BIM ရဲ့ software လေးတွေအကြောင်း သိနိုင်ပါတယ်….
နောက် BIM တွေဟာ Project တစ်ခုမှာ ဘယ်လိုမျိုး လုပ်ဆောင်နေတယ်ဆိုတာ ခံစားကြည့်လိုက်နော်…။ :?
>> 4D Building Information Model(BIM) for Introduction to Construction Visualization by Mazahir Plumber>> Autodesk Revit BIM 2010 Construction Simulation 1 by Gameli, Construccion Virtual >> Autodesk Revit 2010 Construction Simulation by Gameli, Construccion Virtual_._._._._._._._._._._._._._._._.
စကားချပ်။ ။
ဒီ BIM အကြောင်းကို ဖတ်ခဲ့တာ နည်းနည်းတော့ ကြာပါပြီ…။ နောက် မေ့မေ့ပျောက်ပျောက်လည်း ပြန်ဖြစ်သွားတာ တော်တော်ကြာသွားပါပြီ…
ခုဒီ BIM ရဲ့ အရသာတစ်မျိုးကို ပြန်ခံစားဖြစ်လိုက်ပါတယ်…
ပုံတွေရှာပေးတဲ့ MTZO ကြီးရေ.. ကျေးဇူးတင်ပါတယ်တော် 