• Home
  • Help
  • Help
  • Search
  • Calendar
  • Login
  • Register
  • Home
Pages: [1]   Go Down
Print
Author Topic: CP 83 အကြောင်း တစ်စေ့တစ်စောင်း  (Read 308 times)
johnmoeeain
Global Moderator
Super member
*****

မှတ်ချက် 6
Offline Offline

Gender: Female
Posts: 288

Thank You
-Given: 113
-Receive: 225


Happy Good Luck to you all!!!


WWW
« on: July 25, 2010, 02:03:01 AM »

Drafting ပိုင်းကို နည်းနည်းလေး အားစိုက်ဖို့လိုလာတော့ ပထမဦးဆုံး ဂရုပြုလိုက်ရတာက Code of Practice (CP) ပါပဲ…။
စင်္ကာပူရ ဆိုတဲ့ ခြင်္သေ့ကျွန်းလေးမှာတော့ Drafting ပိုင်းအတွက် CP83 ဆိုတဲ့ code လေးရှိတာပေါ့လေ..။ ဒီ topic မှာတော့ ကျွန်တော် ဒီ code လေးအကြောင်း ဆွေးနွေးပါ့မယ်…။ သမိုင်းကြောင်းတွေဘာတွေတော့ ထွေထွေထူးထူး လေ့လာမနေတော့ပါဖူး…။ သိရုံလောက်ပဲ ဖတ်တာပေါ့… (ကိုယ့်ဟာကိုယ် ဖတ်ကြတော့နော် Cheesy)  လက်တွေ့အသုံးပြုဖို့ပဲ မှတ်စုတိုလေးတော့ ထုတ်ဖြစ်လိုက်ပါတယ်….။
တကယ်က MTZO ကြီးဆို ပိုပြီး သိနားလည်ပါတယ်...။ စနစ်တကျ အသုံးပြုတတ်ပါတယ်...။
ဒါပေမယ့် သူက အပြောပဲ ရပြီး စာမရေးတတ်ဖူးဆိုကာ အပျင်းကြီးနေတော့ သူ့ကိုယ်စားရေးပေးလိုက်ပါတယ်...။
ကျေးဇူးတင်ချင်သူများ MTZO သို့သာ ကျေးဇူးတင်ကြပါကုန်  Cheesy

Follow members gave a thank to your post:

MMO, pargyi

For this post, 2 members gave a thank you!
« Last Edit: July 25, 2010, 02:29:01 AM by johnmoeeain » Logged

ဟိုး...အဝေးမှာ အာရုံဦး ဆိပ်ကမ်း.... တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်....... ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း.... နှလုံးသားထဲက ကြယ်ပွင့်များ.... ထာဝရ လင်းဖြာနိုင်ပါစေသား.....။
Welcome from အိပ်မက်ဆိပ်ကမ်း http://www.johnmoeeain.com/ or http://johnmoeeain.blogspot.com
johnmoeeain
Global Moderator
Super member
*****

မှတ်ချက် 6
Offline Offline

Gender: Female
Posts: 288

Thank You
-Given: 113
-Receive: 225


Happy Good Luck to you all!!!


WWW
« Reply #1 on: July 25, 2010, 02:05:48 AM »

CAD user တွေအတွက် အထူးပြဌာန်းထားတဲ့ CP 83 ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ drafting ကို အသုံးပြုတဲ့သူတွေအားလုံးအတွက် uniform ၀တ်စုံ တစ်ခု ပေးလိုက်တာပါပဲ…။ Different User အားလုံးအတွက် Standardisation ဖြစ်ရမယ်၊ Automation ဖြစ်ရမယ် ဆိုပြီးပေါ့…။ ဒီလိုဆိုတော့လည်း သူ့ format ကို သိသွားရင် ဘယ်နေရာရောက်ရောက် ဘယ် drawing ဖြစ်ဖြစ် အလွယ်တကူ ဖတ်နိုင် အသုံးပြုနိုင်ပြီး စနစ်တကျ ဖြစ်သွားတာပေါ့လေ…။  ၄င်းအပြင် drawing တစ်ခုကို different user တွေက အသုံးပြုတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦးအကြား ဆက်စပ် နားလည်မှုနဲ့ လည်း အဆင်ပြေစေသလို information တွေ ဖလှယ်တဲ့အခါမှာလည်း လွယ်ကူစေပါတယ်…။

CP 83 မှာ အဓိကအားဖြင့်
PART1:      LAYERS
PART2:      SYMBOLS
PART3:      FILE NAMES
PART4:      DRAFTING CONVENTIONS
PART5      COLOUR & LINETYPE
ဆိုပြီး အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်…။

CP ရဲ့ uniform ကို ၀တ်ဆင်တဲ့အခါမှာ အထူး ဂရုပြုရမှာကတော့  drawing တစ်ခုလုံးကို visibility အမြင်အရ၊ view အရ စနစ်တကျ ခွဲခြားလိုက်နိုင်တဲ့ Layer (Level) တွေပါပဲ…။  layer naming system အကြောင်း လေ့လာထားရင်တော့ ဘယ် လိုင်းတွေက ဘယ် element ကို ကိုယ်စားပြုတယ် ဆိုတာကို အလွယ်တကူ ဆုံးဖြတ်နိုင်မှာပါ…။ ဒီတော့ layer လေး ပြောတဲ့စကားက ကျွန်တော်တို့ကို ဘယ်လို နှစ်မျှောသွားစေလဲ ခံစားကြည့်တာပေါ့…။



Table 1 မှာ ကြည့်လိုက်ရင် Layer တစ်ခုကို ဘယ်လို နာမည်ပေးထားသလဲဆိုတာ နားလည်လွယ်ပါတယ်…။ ပထမဦးဆုံး ကိုယ့်ရဲ့ field ပေါ့…။ ကိုယ်စားပြုမယ့် originator ဟာ Archi field အတွက်လား၊ Civil field အတွက်လား၊ I.D (interior design) field အတွက်လား..။ ဘာညာသရာကပေါ့…။ သူ့အတွက် စကားလုံးအသုံးပြုရမယ့် limit ကတော့ ၂ လုံး ထဲ ဖြစ်ပါတယ်…။ ဒီ originator တွေ သတ်မှတ်ပုံကိုတော့ Table 2 မှာ ကြည့်နိုင်ပါတယ်…..။  



layer တွေကို name သတ်မှတ်တဲ့အခါမှာတော့ တစ်ခုနဲ့တစ်ခု အကူးမှာ “_” ဆိုတဲ့ Underscore ကို အသုံးပြုလေ့ ရှိပါတယ်…။ Originator ပြီးရင်တော့ ဒုတိယအနေနဲ့ Element တွေကို သတ်မှတ်ပါတယ်…။ ဥပမာ Column, Wall, Staircase စတဲ့ member တွေပေါ့..။ ကိုယ် ဆွဲလိုက်တဲ့ မျဉ်းလေးတစ်ကြောင်းဟာ ဘာကို ရည်ညွှန်းသလဲဆိုတာ ချက်ချင်း သိရှိသွားစေနိုင်ပါတယ်…။ Table 3 မှာ ကြည့်နိုင်ပါတယ်…။


Follow members gave a thank to your post:

MMO, MTZO, pargyi, JAR JAR, may

For this post, 5 members gave a thank you!
« Last Edit: July 25, 2010, 02:16:56 AM by johnmoeeain » Logged

ဟိုး...အဝေးမှာ အာရုံဦး ဆိပ်ကမ်း.... တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်....... ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း.... နှလုံးသားထဲက ကြယ်ပွင့်များ.... ထာဝရ လင်းဖြာနိုင်ပါစေသား.....။
Welcome from အိပ်မက်ဆိပ်ကမ်း http://www.johnmoeeain.com/ or http://johnmoeeain.blogspot.com
johnmoeeain
Global Moderator
Super member
*****

မှတ်ချက် 6
Offline Offline

Gender: Female
Posts: 288

Thank You
-Given: 113
-Receive: 225


Happy Good Luck to you all!!!


WWW
« Reply #2 on: July 25, 2010, 02:07:35 AM »

Drawing တစ်ခုမှာ ဆွဲထားတာက member တွေအပြင် ထို member တွေဟာ ဘာ ဖြစ်တယ်ဆိုတဲ့ presentation ပြဖို့လည်း လိုပါတယ်…။ ၄င်း ရည်ညွှန်းချက်လေးဟာလည်း member အမျိုးအစားတစ်ခုအတွင်းမှာ ကွဲပြားနေတတ်တဲ့အတွက် သီးခြားဆီ ဖော်ပြပေးဖို့ လိုအပ်ပါတယ်…။ ထိုသို့ ဖော်ပြတဲ့အခါမှာလည်း view အလိုက် အနေအထားတွေက ကွာခြားသွားနိုင်ပါတယ်…။ (ဥပမာ ရှေ့ elevation မှာ ဒီ member ကို မြင်နေရပေမယ့် နောက် elevation မှာက မြင်လို့ရချင်မှ ရတော့မှာကိုး )  Table 4 & Table 5 မှာ ကြည့်နိုင်ပါတယ်..။





ဆက်လက်ပြီး ကိုယ် ရေးဆွဲလိုက်တဲ့ member ရဲ့ လက်ရှိအခြေအနေကို ဖော်ပြပေးရပါတယ်…။ အသစ် တည်ဆောက်ဖို့ ဆွဲတာလား…။ တည်ရှိပြီးသားကို ရည်ညွှန်းတာလား…။ ဘယ်လိုအခြေအနေအတွက် ဆိုလိုချင်တာလဲဆိုတဲ့ Status ကို ပြဆိုပေးရပါတယ်…။ Table 6 မှာ ကြည့်နိုင်ပါတယ်….။ နောက်ဆုံးမှာတော့ သီးသန့် ရည်ညွှန်းလိုတဲ့ အချက်တစ်ခုခုကိုလည်း ဖော်ပြပေးနိုင်ပါတယ်…။ ဒီလို User-Defined Field ကတော့ အခြေအနေအလိုက် ကွဲပြားသွားမှာ ဖြစ်ပါတယ်…။


တကယ်တော့ Layer လေးတွေ ပြောတဲ့စကားက စနစ်တကျ ရှင်းရှင်းလင်းလင်းလေးပါပဲ…။ သူ့ရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာသွားရင် အသုံးပြုရလွယ်ကူတဲ့ ရှင်းလင်းသေသပ်တဲ့ drawing တစ်ခု ထွက်ပေါ်လာမှာ သေချာသလို ကျွန်တော်တို့ ရေးဆွဲလိုက်တဲ့ Drawing လေးတွေရဲ့ စကားလုံးကိုလည်း လူတိုင်းက နားလည်လာမှာပါ…။ စကားလုံးတွေရဲ့ ဆိုလိုရင်းကိုတော့ ကျွန်တော်တို့ ဖမ်းဆုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်…။

Follow members gave a thank to your post:

MMO, MTZO, JAR JAR, may

For this post, 4 members gave a thank you!
« Last Edit: July 25, 2010, 02:18:23 AM by johnmoeeain » Logged

ဟိုး...အဝေးမှာ အာရုံဦး ဆိပ်ကမ်း.... တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်....... ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း.... နှလုံးသားထဲက ကြယ်ပွင့်များ.... ထာဝရ လင်းဖြာနိုင်ပါစေသား.....။
Welcome from အိပ်မက်ဆိပ်ကမ်း http://www.johnmoeeain.com/ or http://johnmoeeain.blogspot.com
johnmoeeain
Global Moderator
Super member
*****

မှတ်ချက် 6
Offline Offline

Gender: Female
Posts: 288

Thank You
-Given: 113
-Receive: 225


Happy Good Luck to you all!!!


WWW
« Reply #3 on: July 25, 2010, 02:08:57 AM »

ဒုတိယ အနေနဲ့ Drawing တစ်ခုအတွင်းမှာ ရှိနေတတ်တဲ့ Symbols တွေရဲ့ အကြောင်းကို သိထားဖို့ ကြိုးစားမိပါတယ်…။ Symbols လေးတွေ (ဥပမာ- Block အဖြစ် / Group အဖြစ်) အသုံးပြုရတဲ့ အဓိက အကြောင်းရင်းကတော့ File Size ကို ပေါ့ပါးစေတယ်..။ တစ်နေရာမှ တစ်နေရာ အကူးမှာ လွယ်ကူမြန်ဆန်စေတယ်…။ စနစ်ကျတယ်ပေါ့..။ ဒါကတော့ symbols လေးတွေ တစ်ခုချင်းစီရဲ့ အဓိပ္ပါယ်ကို နားလည်ဖို့ ကြိုးစားရမှာပေါ့…။

တတိယတစ်ခု ဖြစ်တဲ့ File Naming System ကတော့ Layer Naming System နဲ့ တူပါတယ်…။ ဥပမာ…

PROJECT ID_AUTHOR_TYPE-OF-WORK_VIEW PLANE_ZONE_VERSION ဆိုပြီး underscore လေးတွေ ခံပြီး နာမည်ပေးရတတ်ပါတယ်…။ နောက်ဆုံးမှာတော့ User-derfined ကို ထည့်ပေးရပါတယ်….။ Format A,B,C အလိုက်တော့ Character အရေအတွက် ကန့်သတ်ချက်တွေ ရှိပါတယ်…။ Project တစ်ခုနဲ့ သက်ဆိုင်တဲ့ ကဏ္ဍ အလိုက်  အစီအစဉ်တကျ  နာမည်ပေးခြင်းပါပဲ…။
နောက်တစ်ခုကတော့ ကျွန်တော်တို့ ရေးဆွဲထားတဲ့ drawing လက်တွေ့ ထွက်ပေါ်လာတဲ့အခါ စနစ်ကျဖို့လည်း လိုပါတယ်..။ ကိုယ် ဆွဲသားတာ ဘယ်လောက်ပဲ ကောင်းကောင်း…၊ ထွက်လာတဲ့အခါ အချိုးမကျရင်တော့ သိပ်အဆင်မပြေလှဖူးပေါ့…။

 Title block လေးတွေရဲ့ အချိုးအဆကိုလည်း Figure 1 မှာ လေ့လာနိုင်ပါတယ်…။  



Follow members gave a thank to your post:

MMO, MTZO, JAR JAR

For this post, 3 members gave a thank you!
« Last Edit: July 25, 2010, 02:20:09 AM by johnmoeeain » Logged

ဟိုး...အဝေးမှာ အာရုံဦး ဆိပ်ကမ်း.... တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်....... ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း.... နှလုံးသားထဲက ကြယ်ပွင့်များ.... ထာဝရ လင်းဖြာနိုင်ပါစေသား.....။
Welcome from အိပ်မက်ဆိပ်ကမ်း http://www.johnmoeeain.com/ or http://johnmoeeain.blogspot.com
johnmoeeain
Global Moderator
Super member
*****

မှတ်ချက် 6
Offline Offline

Gender: Female
Posts: 288

Thank You
-Given: 113
-Receive: 225


Happy Good Luck to you all!!!


WWW
« Reply #4 on: July 25, 2010, 02:10:13 AM »

ဆက်စပ်လျက် ကိုယ် ထုတ်လိုက်မယ့် Plot Scale လေးတွေကိုလည်း ပြင်ဆင်ရပါတယ်…။

အခြေအနေ Condition အမျိုးမျိုးအလိုက် မည်သည့်အခြေအနေမှာ မည်သည့် Plot Scale ဆိုသည်ဖြင့်  ကွဲပြားခြားနားတဲ့ Plot Scale လေးတွေကို အသုံးပြုရလေ့ ရှိပါတယ်…။  အောက်က Table လေးမှာ လေ့လာနိုင်ပါတယ်…။







Follow members gave a thank to your post:

MMO, MTZO

For this post, 2 members gave a thank you!
« Last Edit: July 25, 2010, 02:21:43 AM by johnmoeeain » Logged

ဟိုး...အဝေးမှာ အာရုံဦး ဆိပ်ကမ်း.... တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်....... ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း.... နှလုံးသားထဲက ကြယ်ပွင့်များ.... ထာဝရ လင်းဖြာနိုင်ပါစေသား.....။
Welcome from အိပ်မက်ဆိပ်ကမ်း http://www.johnmoeeain.com/ or http://johnmoeeain.blogspot.com
johnmoeeain
Global Moderator
Super member
*****

မှတ်ချက် 6
Offline Offline

Gender: Female
Posts: 288

Thank You
-Given: 113
-Receive: 225


Happy Good Luck to you all!!!


WWW
« Reply #5 on: July 25, 2010, 02:12:32 AM »

နောက်ဆုံး ဂရုပြုရတာကတော့ Layer Color များနဲ့ Linetype, Line weight များပါပဲ….။
အမြင်အားဖြင့် လွယ်ကူစွာ ခွဲခြားဖို့ လိုအပ်သလို Color Dependent ဖြစ်အောင် အသုံးပြုဖို့လည်း လိုအပ်ပါတယ်…။





အထက်ပါ ပုံမှာဆိုရင် အခြေခံ အရောင် (၈) မျိုးနဲ့ တဆင့် ဆင်းသက်လာတဲ့ အရောင် (၆)မျိုးကို  color no များနဲ့ ဖော်ပြထားတာကိုမြင်နိုင်ပါတယ်…။ အရောင်များနှင့် ပတ်သက်လျှင်လည်း မည်သည့်အရောင်ကို မည်သည့် member၊ မည်သည့် condition မှာ အသုံးပြုရမည် ဖြစ်ကြောင်း Limit များ ထားရှိထားတာကို လေ့လာနိုင်ပါတယ်..။ အရောင်များအတွက် အခြေခံ အချက်များ ထားရှိထားခြင်းကတော့ visual checking အတွက် user အားလုံး အဆင်ပြေ လွယ်ကူစေဖို့ပဲ ဖြစ်ပါတယ်…။

REF:    
1)   Singapore Standard CP 83 by SPRING SINGAPORE
2)   CAD STANDARD by TSANG PUI SUM & BEN THUM


စကားချပ် ။  ။ Hatch Patternsများ၊ Complex Linetypes များ၊ Abbreviations များ၊ အစရှိတဲ့ အသေးစိတ်ကိုတော့ Pdf လေးအတွင်းမှာပဲ ဆက်လက်လေ့လာနိုင်စေဖို့ ရည်ရွယ်ပါတယ်…။ နောက် အဆင်ပြေတဲ့အခါမှာတော့ PDF လေး တင်ပေးပါ့မယ်…။ အခု connection က file size နည်းနည်းကြီးရင် တင်လို့မရလို့ ရပ်လိုက်ရပါတယ်…။  ရှင်းပြပေးတဲ့ MTZO ကြီးတော့ ကျေးဇူးအထူးပါပဲ။  Wink Wink Wink  ကဲ အသေးစိတ် သိလိုသူများရဲ့ အဖြေကိုတော့ MTZO ကပဲ ဆက်လက်ဖြေဆိုပါလိမ့်မယ်...။  Tongue

Follow members gave a thank to your post:

MMO, MTZO, JAR JAR

For this post, 3 members gave a thank you!
« Last Edit: July 25, 2010, 03:08:31 AM by johnmoeeain » Logged

ဟိုး...အဝေးမှာ အာရုံဦး ဆိပ်ကမ်း.... တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်....... ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း.... နှလုံးသားထဲက ကြယ်ပွင့်များ.... ထာဝရ လင်းဖြာနိုင်ပါစေသား.....။
Welcome from အိပ်မက်ဆိပ်ကမ်း http://www.johnmoeeain.com/ or http://johnmoeeain.blogspot.com
MMO
Administrator
Sr. Member
*****

မှတ်ချက် 6
Offline Offline

Gender: Male
Posts: 155

Thank You
-Given: 227
-Receive: 153



WWW
« Reply #6 on: July 25, 2010, 07:30:28 AM »

ဂွတ်တယ်ဟေ့... MTZO ကိုမသိတာတွေ သွားမေးအုန်းမှ... ခုလိုဖတ်ပြီးတင်ပေးတာရော... သက်ရှိလူပုဂ္ဂိုလ်ကြီးကို ရည်ညွှန်းတာရော...ကျေးဇူးညီမလေးရေ... ကိုယ်တိုင်ဖတ်ရမှာ ပျင်းနေတာ ခုတော့ အိုကေသွားတယ်... ရှဲ့ရှဲ့နီ... ရှဲ့ရှဲ့ဝါ... ရှဲ့ရှဲ့ပြာ...ပါ...
MTZO  ရဲ့ဖုန်းနံပါတ်လေးရော တဆိတ်လောက် ပြောပေးပါလား ညီမလေးရေ... Tongue
Logged

လူရယ်လို့ ဖြစ်လာပြီး စကားပြောတတ်ကတည်းက မေးခွန်းတွေ...။ နောက်ဆုံး သေဆုံးချိန်မှာရော မေးခွန်းတွေ ကုန်နိုင်ပါ့မလား....။
MTZO
Global Moderator
Sr. Member
*****

မှတ်ချက် 5
Offline Offline

Gender: Male
Posts: 187

Thank You
-Given: 263
-Receive: 113



WWW
« Reply #7 on: July 25, 2010, 02:06:50 PM »

MTZO က ခုမှ လေ့လာသင်ယူနေစဲပါ။  Cry Architectural Field မှာ တကယ်လက်တွေ့လုပ်နေတဲ့ ကိုဖိုးမောင် တစ်ယောက်တော့ ရှိဆိုပဲ။ သူက ပိုပြီး သိနားလည်ပါတယ်...   Grin
AutoCAD File မူရင်း လိုချင်ရင်တော့ ကျွန်တော့ Email ကိုဆက်သွယ် နိုင်ပါတယ်။ Smiley
Logged

“ဖြစ်ပြီးအဟောင်း ၊ တိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းစဉ်းစား ၊ မငြီးတွားနှင့်။ နောင်ခါဖြစ်လတ် ၊ အနာဂါတ်ကို ဇာတ်ကြောင်းတွေးတော ၊ စိတ်မမောနှင့်။ ဖြစ်ဆဲဧကန် ၊ ပစ္စုပ္ပန်ကို ဝေဖန်ဥာဏ်ရှု ၊ မျှတမှုဖြင့် ပူမှုကင်းစွာ ၊ နေစမ်းပါလော့။ သို့ပါလေမှ ၊ သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ ၊ ချမ်းသာလာလိမ့်။”
JAR JAR
Global Moderator
Sr. Member
*****

မှတ်ချက် 1
Offline Offline

Gender: Male
Posts: 145

Thank You
-Given: 110
-Receive: 88



« Reply #8 on: July 26, 2010, 11:56:44 AM »

MTZ0 & MM0 တို့ စုံတွဲလေးကို
အများကြီး ကျေးဇူးတင်ပါသည် Cheesy
Logged

May U b Happy forever!
Pages: [1]   Go Up
Print
Jump to: