• Home
  • Help
  • Help
  • Search
  • Calendar
  • Login
  • Register
  • Home
Pages: [1]   Go Down
Print
Author Topic: Code Of Practice For Structure Use of Concrete  (Read 295 times)
Htinkyaw
Family member
Member
********

မှတ်ချက် 0
Offline Offline

Posts: 2

Thank You
-Given: 1
-Receive: 10


« on: August 15, 2010, 07:53:53 PM »

Code Of Practice For Structure Use of Concrete


ကျနော် CS ကကိုMMO၊ ကိုMTZO တို့နှင့် ရင်းနှီးပြီး သူတို့တွေ အသိပညာတွေ ဖလှယ်နေကြတာတွေကို တွေ့ရတော့ စိတ်ဝင်စားမိပါတယ်။ ကိုယ်တိုင်လည်း ရေးသားချင်စိတ်တွေပေါ်လာမိလို့ ခုလိုကျနော်သိသမျှလေးတွေ မျှဝေချင်တဲ့ဆန္ဒကို အကောင်အထည်ဖော်လိုက်ပါတယ်။
ကျနော်ဟာ Structure Design နှင့်ပတ်သတ်ပြီး အတော်လေးစိတ်ဝင်စားမိပါတယ်..။ အဲဒီတော့ Structure Design Calculation နှင့်ပတ်သတ်တာတွေကို ပိုလေ့လာဖြစ်ပါတယ်...။

ဒီဖိုရမ်မှာ ဗိသုကာနှင့်ပတ်သတ်တာတွေကို အတော်များများရေးထားတာတွေ့ပါတယ်...။ ကျနော်ကတော့ အဲဒီအပိုင်းမှာ ရေးဖို့ထက် Structure Design Calculation အပိုင်းကိုဖြည့်စွက်ရေးသားရင် ကောင်းမယ်ထင်မိလို့ သိသမျှအတွေ့အကြုံလေးတွေ ဆွေးနွေးပါ့မယ်။

ကျနော်စင်္ကာပူမှာ ရောက်ပြီးအလုပ်လုပ်နေတာ အခုဆို ၃နှစ်ကျော် ၄နှစ်နီးပါးရှိပါပြီ။ အတွေ့အကြုံအတော်အသင့်ရနေပြီဆိုပေမယ့် ကိုယ့်ကိုယ်ကို အမြဲဖြည့်ဆည်းနေရပါတယ်။ လေ့လာဆည်းပူးနေရပါတယ်။ အခု Structure Design Calculation အပိုင်းကို ပြောပြချင်ပါတယ်။ ကျနော်ပြောရာမှာ လိုအပ်တာ မပြည့်စုံတာ တစ်ခုခုရှိခဲ့ရင် ဝေဖန်ဆွေးနွေးအကြံပေးဖြည့်ဆည်းပေးကြပါ။

အရင်ဆုံး Structure အကြောင်းပြောမယ်ဆို အခြေခံဖြစ်တဲ့ Structure ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို တင်ပြပေးချင်ပါတယ်။
ကျနော် အခုတင်ပြမှာတွေက code of practice CP 65 ကပြဌာန်းထားတဲ့ Structure ဆိုင်ရာ  အဓိပ္ပါယ်ဖွင့်ဆိုချက်တွေပါ။ အခု CP 65 ဟာ စင်္ကာပူနိုင်ငံ အတွက် သတ်မှတ်ထားတဲ့ Standard စံတွေဖြစ်ပါတယ်။ BS (British Standard) တွေကို အခြေခံပြီး ပြဌာန်းထားတယ်ဆိုတာ စာအုပ်မှာ ပြညွှန်ထားပါတယ်။

1. Design Ultimate Load
နောက်ဆုံးခံနိုင်သော(သို့မဟုတ်) အများဆုံးခံနိုင်သော အခြေအနေထိပေးထားသော ၀န်အား (Load) ကို Design Ultimate Load လို့ခေါ်ပါတယ်။
2. Design Service Load
အသုံးပြုနိုင်မည့်(သို့မဟုတ်) အမှန်တကယ်ထမ်းဆောင်နိုင်မည့် အခြေအနေအတွက် ပေးထားသော ၀န်အား(Load) ကို Design Service Load လို့ခေါ်ပါတယ်။
3. Key Elements ( အဆောက်အအုံအတွက် အဓိက အစိတ်အပိုင်းများ
အဆောက်အအုံတစ်ခုမှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းများမှာ
a) Foundation (အောက်ခံ အုတ်မြစ်)
b) Column (ထောက်တိုင်)
c) Beam (ယက္မ)
d) Shear Wall/Core Wall ( အမာခံနံရံ ) နှင့် အဆောက်အအုံတည်မြဲ ခိုင်ခံ့မှုအတွက် ထောက်ပံ့နိုင်ရန် မရှိမဖြစ်လိုအပ်သော အခြားအစိတ်အပိုင်းများပါဝင်ကြပါတယ်။

ဆက်ရန်..


Follow members gave a thank to your post:

MMO, MTZO, johnmoeeain, JAR JAR, pargyi

For this post, 5 members gave a thank you!
« Last Edit: August 15, 2010, 10:45:55 PM by Htinkyaw » Logged
johnmoeeain
Global Moderator
Super member
*****

မှတ်ချက် 6
Offline Offline

Gender: Female
Posts: 288

Thank You
-Given: 113
-Receive: 225


Happy Good Luck to you all!!!


WWW
« Reply #1 on: August 15, 2010, 08:43:36 PM »

ကျေးဇူးတင်ပါတယ် အစ်ကိုရေ....။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နောင် ဆယ်စုနှစ်တော်တော်ကြာတဲ့အထိ Concrete Structure တွေက Main Structure တွေ အဖြစ်တည်ရှိနေဦးမှာပါပဲနော်...။ Concrete Structure တွေအတွက် ဗဟုသုတကတော့ Archi ပိုင်းနဲ့ I.D ပိုင်းကို ရောက်နေသူတွေအားလုံးအတွက် လိုအပ်နေတာ အသေအချာပဲ မဟုတ်လား...။

Concrete Structure တွေကို လေ့လာတဲ့အခါမှာ
- Material Specification တွေအရ ပြောင်းလဲလာတဲ့ Strength တွေ
- Design Load တွေနဲ့
_ Structural Theory တွေကို အဓိက ထားရတယ်ဟုတ်...။

ကျွန်တော်တို့ လေ့လာမှုနဲ့ လက်တွေ့ အသုံးချမှုက တိုက်ဆိုင်မှုတွေ နည်းပါးတော့ အတွေ့အကြုံလည်း သိပ်မရှိခဲ့ဖူး....။ ဒီတော့ အစ်ကို့ရဲ့ လက်တွေ့လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးတွေနဲ့ လက်တွေ့အသုံးချဖို့ ပြင်ဆင်ထားသင့်တဲ့အပိုင်းလေးတွေအကြောင်း ဗဟုသုတ ဝေမျှပေးဖို့ တောင်းဆိုလိုက်ပါတယ်...။

Quote
ကိုယ်တိုင်လည်း ရေးသားချင်စိတ်တွေပေါ်လာမိလို့ ခုလိုကျနော်သိသမျှလေးတွေ မျှဝေချင်တဲ့ဆန္ဒကို အကောင်အထည်ဖော်လိုက်ပါတယ်။

အကောင်အထည် ဖော်ဖို့ အားမနာတမ်းကို တောင်းဆိုလိုက်တာပါ  Cheesy

Follow members gave a thank to your post:

MMO, MTZO, JAR JAR

For this post, 3 members gave a thank you!
Logged

ဟိုး...အဝေးမှာ အာရုံဦး ဆိပ်ကမ်း.... တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်....... ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း.... နှလုံးသားထဲက ကြယ်ပွင့်များ.... ထာဝရ လင်းဖြာနိုင်ပါစေသား.....။
Welcome from အိပ်မက်ဆိပ်ကမ်း http://www.johnmoeeain.com/ or http://johnmoeeain.blogspot.com
MMO
Administrator
Sr. Member
*****

မှတ်ချက် 6
Offline Offline

Gender: Male
Posts: 155

Thank You
-Given: 227
-Receive: 153



WWW
« Reply #2 on: August 15, 2010, 08:53:24 PM »

ညီရေ ညီအခုလိုရေးပေး၊ မျှဝေပေးမယ်ဆိုတဲ့ အတွက် အတော်လေးဝမ်းသာ အားရမိပါတယ်...။ တတ်စွမ်းသလောက်လေ့လာရင်း သိသမျှ မျှဝေတာဟာ ကိုယ့်အတွက်ရော သူများအတွက်ပါ အကျိုးများပါတယ်...။ သူများအတွက်ထက် ကိုယ့်အတွက်က ပိုတယ်တောင် အကိုထင်မိတယ်..။ ကိုယ်က ပိုအားစိုက်ပြီးလေ့လာရလို့လေ...။ ဒါကတော့ ကိုယ့်အနေနဲ့ပြောတာပါ။ တခြားသူတွေ အတွက်တော့မသိဘူးပေါ့...။ အကိုတို့ ညီအကိုမောင်နှစ်မတွေ အနေနှင့် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်...။ ဒီအကြောင်းအရာ တစ်ခုတည်းမဟုတ်ဘူး။ အခြားအကြောင်းအရာတွေလည်း ညီသိသမျှ ၀င်ရောက်ဆွေးနွေး ပေးနိုင်ပါတယ်ညီရေ....။

Follow members gave a thank to your post:

johnmoeeain, pargyi

For this post, 2 members gave a thank you!
Logged

လူရယ်လို့ ဖြစ်လာပြီး စကားပြောတတ်ကတည်းက မေးခွန်းတွေ...။ နောက်ဆုံး သေဆုံးချိန်မှာရော မေးခွန်းတွေ ကုန်နိုင်ပါ့မလား....။
Htinkyaw
Family member
Member
********

မှတ်ချက် 0
Offline Offline

Posts: 2

Thank You
-Given: 1
-Receive: 10


« Reply #3 on: August 15, 2010, 11:51:13 PM »

4. Flat Slab
   Slab တစ်ခုမှာ Column Head (သို့ မဟုတ်) Slab Drop Panel ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ယေဘုယျအားဖြင့် Beam မပါသော Slab ကို
Flat Slab ဟုခေါ်ဆို နိုင်ပါသည်။




-Column Head
Slab ကို ထောက်မဖို့ အတွက် Column ရဲ့ အပေါ်ပိုင်းမှာ Column အရွယ်အစားကိုကြီးအောင်ပြုလုပ်ထားခြင်းကို Column Head
ဟုခေါ်ဆိုသတ်မှတ်နိုင်ပါသည်။


-Drop Panel
Column Area ပတ်ဝန်းကျင်မှာ Slab Thickness ကိုထူပေးထားခြင်းကို Drop Panel ဟုခေါ်ပါသည်။ Drop Panel သည် Column Support နှင့်
ထိစပ်နေတဲ့ Area ၀န်းကျင်တလျှောက်မှာရှိတဲ့ Punching Shear ခုခံနိုင်အားကို တိုးလာစေဖို့ ရည်ရွယ်ပါတယ်။



ဆက်ရန်...

Follow members gave a thank to your post:

johnmoeeain, MTZO, JAR JAR, MMO, pargyi

For this post, 5 members gave a thank you!
Logged
JAR JAR
Global Moderator
Sr. Member
*****

မှတ်ချက် 1
Offline Offline

Gender: Male
Posts: 145

Thank You
-Given: 110
-Receive: 88



« Reply #4 on: August 24, 2010, 10:04:12 AM »


dear bro...,
;waiting;
( ကျနော့်လို လာမယ် ကြာမယ်..တော့မလုပ်နဲ့လေ Smiley )
အချိန်ရရင် ထပ်ရေးပေးပါအုံးအကိုရေ

Follow members gave a thank to your post:

MMO

For this post, 1 member gave a thank you!
Logged

May U b Happy forever!
Pages: [1]   Go Up
Print
Jump to: