• Home
  • Help
  • Help
  • Search
  • Calendar
  • Login
  • Register
  • Home
Pages: [1]   Go Down
Print
Author Topic: Troubleshooting  (Read 242 times)
rooney
Member
*

မှတ်ချက် 0
Offline Offline

Posts: 1

Thank You
-Given: 0
-Receive: 6


« on: August 31, 2010, 11:44:12 PM »

ကျွန်တော်ကတော့ ITE မှာ ကျောင်းတတ်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။ ဒီဖိုရမ်မှာ ကျွန်တော့ အတွက်လေ့လာစရာတွေ များစွာတွေ့ရလို့ အတော်လေးဝမ်းသာမိပါတယ်။ ကျွန်တော့ ခုမှ စတင်ပြီး Auto CAD ဆော့ဖ်ဝဲကို လေ့လာနေပါတယ်။ အဲဒီတော့ လိုအပ်တာတွေ မသိတာတွေ အတော်များပါတယ်။ ကျွန်တော်မသိတာ လိုအပ်တာများကို ဖိုရမ်မှာရှိတဲ့ အစ်ကို အစ်မများကို မေးမြန်းပညာယူချင်ပါတယ်။
အခုဆရာRobert Tin Aye စာအုပ်ထဲမှ autoCAD နှင့်ပတ်သက်သည့် ပြဿနာ အမေးအဖြေ များကို ပြန်လည်ဖော်ပြရင်း ကျွန်တော်ကိုယ် ကျွန်တော် မိတ်ဆက်လိုက်ပါတယ်။ အစ်ကိုအစ်မများ လိုအပ်တာများကို ကူညီသင်ပြပေးကြပါ ခင်ဗျာ။                                                              
               AutoCAD Software ကိုစတင်လေ့လာအသုံးချသူများအတွက် အသုံးပြုရာ၌ အခက်အခဲအနည်းနှင့် အများကြုံတွေ့ရတက်ပါသည်။ ထို့သို့ကြုံတွေ့ပါက ရှာဖွေကြည့်ရှုနိုင်ရန် အများဆုံး ဖြစ်တက်သော ပြဿနာများကို စုစည်း၍ တင်ပြထားပါသည်။
  Q> File-new တောင်းလျှင် Select Dialog Box မပေါ်လာပါ။
 A> (၁) Command Line တွင် Filedia ဟုရိုက်ပြီး 1 သို့ Set လုပ်ပါ။
                           (၂)  Command Line တွင် Startup  ဟုရိုက်ပြီး 1 သို့ Set လုပ်ပါ။

  Q> File-Open တောင်းလျှင် Slect File Dialog Box မပေါ်လာပါ။
  A>Command တွင် Filedia ဟုရိုက်ပြီး 1 သို့ Set လုပ်ပါ။
 Q>File များတစ်ခုပြီးတစ်ခု Opne လုပ်၍မရပါ။ တစ်ခုဖွင့်လျှင် လက်ရှိ File ကိုပိတ်ပေးရသည်။
 A>Command တွင် SDI ဟုရိုက်ပိး 0 သို့ Set လုပ်ပါ။ Single Drawing Interface ကိုပိတ်ထားမှ File များ တစ်ပြိုင်တည်းဖွင့်နိုင်သည်။
 Q>Mouse Right Click ကိုနှိပ်လျှင် Enter မဖြစ်ဘဲ Shoutcut Menu ထပ်၍ခံနေသည်။
 A>Right Click Customization ပြုလုပ်ရပါမည်။ Using Muose in AutoCAD ခေါင်းစဉ်တွင်ဖတ်ပါ။
 Q>Keyboard မှ Command အတိုကောက် (ဥပမာ-L) ရိုက်ထည့်လျှင် မသိတော့ပါ။
 A>Command Alias များကို Acad.pgp File တွင်ရေးသားဖော်ပြထားရာ-
  (1) တစ်စုံတစ်ဥိးက Alias များပြင်ဆင်ရေးထားလျှင်လည်းကောင်း၊
  (2) Acad.pgp သည်နေရာမှန်တွင်မရှိဘဲ (Search Path တွင်ရှာမတွေ့) ပျောက်ဆုံးနေလျှင်လည်းကောင်း၊ ဖြစ်နိုင်ပါသည်။
       Acad.pgp ကို Support အောက်တွင်ပြန်ထားပါ။
       Notepad ဖြင့်ဖွင့်၍ မူလ Alias များနေရာတွင် ပြင်ဆင်ထားမှုများ ရှိမရှိပြန်စစ်ပေးပါ၊
အကယ်၍ Line အတွက် L ရိုက်၍သော်လည်းကောင်း၊ Line ဟုအပြည့်အစုံရိုက်၍ သော်လည်းကောင်း နားမလည်ပါက ထို Command ရှေ့တွင် Dot တစ်စက်ခံ၍ .Line ဟုရိုက်ကြည့်ပါ။သုံး၍ရလျှင်ထိုCommmand ကို Undefine လုပ်ထား၍ဖြစ်သည်။ Redefine Command ဖြင့် Redefine ပြန်လုပ်ပါ။

Q>Double Click Editing များသုံး၍မရပါ။
A>Command တွင် Options ဟုရိုက်၍ Options Dialog Box ကိုဖွင့်ပြိး User Perference Tab ၏ Windows Standard Behavior - Double Click Editing တွင် Check လုပ်ပါ။
Q>Object များကို ဥိးစွာ Select လုပ်ထားပြိး Command ပေးလျှင် မလုပ်ပါ။
A> Noun/Verb Selection Mode ပိတ်နေ၍ ဖြစ်သည်။
Options Dialog Box Selection Tab ၏ Selection Mode တွင် Noun/Verb Selection ကို Check လုပ်ပါ။


Q>Object များကို Select လုပ်လျှင် Highlight မဖြစ်တော့ပါ။
A>Command တွင် Highlight ဟုရိုက်ပြိး 1 သို့ Set လုပ်ပါ။

Q>Command သုံး၍ Select Objects လုပ်ရာတွင် တစ်ကြိမ်သာလုပ်နိုင်ပြိး နောက်တစ်ကြိမ်ထပ်၍ Select လုပ်လျှင် ပထမရွေးထားသည်များ ပြန်၍ပျက်ပြယ်သွားသည်။
A>Command တွင် Pickauto ဟုရိုက်၍ 1 သို့ Set လုပ်ပါ။

Q>Recetangle ရေးဆွဲသောအခါ First Corner ကောက်ပြိး Drag လုပ်လျှင် Windows အကွက်မမြင်ရပါ။
>spine ရေးဆွဲလျှင် ဆွဲခဲ့ပြိးသော Segments များကို မမြင်ရပါ။

A>Command တွင် Dragmode ဟုရိုက်၍ Auto သိှု့Set လုပ်ပါ။
Q>ပုံများရေးဆွဲလျှင်ဘာမှမပေါ်ပါ။
A>Current layer ကို OFF လုပ်ထား၍ဖြစ်သည်။ Layer ကိုပြန်၍ ON ပါ။

Q>Mouse Pointer သည် ချောမွေ့စွာမရွှေ့လျားဘဲ ခုန်နေသည်။
A>Snap Mode ပွင့်နေ၍ဖြစ်သည်။Status Bar တွင် SNAP ကိုပြန်၍နှိပ်ပိး ပိတ်လိုက်ပါ။

Q>Scroll ကိုအရှေ့သို့လှည့်၍ Zoom လုပ်သည့်အခါ ချဲ့မလာဘဲ ချဲ့မလာဘဲ ချုံ့၍သွားသည်။
A>Scrool ကိုအသုံးပြု၍ Zoom လုပ်သောအခါတွင် Zoom In-Zoom Out တို့ကို Zoomwheel system Variable ဖြင့် ပြုပြင်နိုင်သည်။Commandတွင် Zoomwheel ဟုရိုက်၍ Default တန်ဖိုး Zero ပြန်ပေးပါ။
 
Q>Hatch များချယ်သောအခါ မမြင်ရပါ။
A>Fill Mode Off ဖြစ်နေလျှင် Hatch Pattern များမမြင်ရပါ။ Command တွင် Fill ဟုရိုက်ပြိး On Set လုပ်ပါ။ Regen ပြန်လုပ်ပါ။

Q>ဘောင်ပိတ်ရှိသော Polyline ဖြစ်သော်လည်း Region လုပ်၍မရပါ။
A>Polyline တွင်မျဉ်းများ Overlap ဖြစ်ပြီး ရောပေါင်းနေ၍ဖြစ်သည်။ Boly Command ဖြင့် Boundary အသစ် တစ်ခု ပြန်၍လုပ်ပါ။

Q>Hatch Pattern များကို Doubel Click နှိပ်၍ Edit လုပ်မရပါ။
A>Command တွင် Pickstyle ဟုရိုက်ပြိး 1 သို့ Set လုပ်ပါ။

ှQ>Polyline ကို Width ထည့်သောအခါ ထုအသားကို မချယ်ပေးပါ၊
A>Command တွင် Fill ဟုရိုက်ပြိး ON သို့ Set လုပ်ပါ။Regeenြ့ပန်လုပ်ပါA>Commmand တွင် Fill ဟုရိုက်ပြိး ON သို့ Set လုပ်ပါ။Regen ပြန်လုပ်ပါ။

Q>UCS ပျောက်နေသည်။
A>View Menu>Display>UCS icon > တွင် ON ကိုနှိပ်ပါ။

Q>Text စာများရေးသောအခါ လေးထောင့်ကွက်များသာဖြစ်နေသည်။ စာမပေါ်ပါ။
A>Qtext ON ထား၍ဖြစ်သည်။ Command တွင် Qtext ဟုရိုက်၍ OFF လုပ်ပြိး Regen ပြန်လုပ်ပါ။

Q>Text စာများရေးသောအခါ Height ကိုသတ်မှတ်၍ မရပါ။
A>Text Style တွင် Height အသေပေးထား၍ဖြစ်သည်။ Command တွင် St ဟုရိုက် Style Dialog Box တွင် Height ကို 0 သို့ပြန်ထားပါ။

Q>စာများမှန်ထောင်လျှင် ပြောင်းပြန်ပေါ်နေသည်။
A>Mirrtext ကို 0 သို့ Set လုပ်ပါ။
Q>Dimension Scale ကိုပြောင်းသော်လည်း Dimension Text များမှာ Scale အလိုက်အချိုးကျ မပြောင်းလဲပါ။
A>Dimension Text အတွက် Text Style တွင် Height အသေးပေးထား၍ ဖြစ်သည်။ Text Style Dialog Box တွင် Height 0 ထားမှသာ Dimscale အလိုက် Text Height ပြောင်းလဲပါမည်။

Follow members gave a thank to your post:

MTZO, JAR JAR, MMO, johnmoeeain, pargyi, pigkalay

For this post, 6 members gave a thank you!
« Last Edit: September 02, 2010, 09:23:50 PM by MMO » Logged
Pages: [1]   Go Up
Print
Jump to: