• Home
  • Help
  • Help
  • Search
  • Calendar
  • Login
  • Register
  • Home
Pages: [1]   Go Down
Print
Author Topic: The Heart of Home သို့ Kitchen  (Read 82 times)
johnmoeeain
Global Moderator
Super member
*****
Offline Offline

Gender: Female
Posts: 260

Thank You
-Given: 90
-Receive: 154


Happy Good Luck to you all!!!


WWW
« on: January 15, 2010, 10:19:11 PM »

"KITCHEN"

မနက်စောစော ကော်ဖီတစ်ခွက်ဖျော်ဖို့ ပြင်ဆင်ရတဲ့အချိန်ကနေ ညသန်းခေါင်ယံမှာ ရေအေးအေးလေး  တစ်ခွက်လောက် သောက်ဖို့ ကျွန်တော်တို့ သွားတတ်တဲ့နေရာ...။
မိသားစုတစ်ခု နွေးထွေးချစ်ကြည်မှုတွေနဲ့ ဖွဲ့တည်ဖို့ သူ့ရင်ခွင်ကို ဖွင့်ထားတဲ့နေရာ...။
ကိုယ့်အပေါင်းအသင်းမိတ်ဆွေနဲ့ သီးသီးသန့်သန့်နေထိုင်ရင်း ခင်မင်ရင်းနှီးမှုတွေ လွင့်ပျံ့နိုင်တဲ့နေရာ...။
ဒီနေရာလေးဟာ အိမ်လေးတစ်အိမ်ရဲ့ အသည်းနှလုံးလို့ ခေါ်ဆိုနိုင်သလို... သူ့ကို ဖန်တီးပေးမယ့် ဒီဇိုင်နာတစ်ဦးအတွက်
အိမ်လေးအတွင်းမှ လူတိုင်းအတွက် လုံခြုံနွေးထွေးမှုတွေ၊ နရီမှန် အဆင်ပြေမှုတွေ၊ သာယာနာပျော်မှုတွေအားလုံးကို ဖန်တီးပေးရမည့်နေရာ...။

ဒီနေရာလေးကို လေ့လာမိတော့......။

Kitchen တစ်ခုဟာ သူ့ကို အသုံးပြုတဲ့သူတွေ Safety ဖြစ်ဖို့၊ သူ့ကို အသုံးပြုတဲ့အခါ Function ကျပြီး Comfortable ဖြစ်ဖို့၊ Aesthetic လို့ ခေါ်ဆိုနိုင်တဲ့ အနုသုခမဟန်ကို ခံစားနိုင်စွမ်းလည်း ပေးဆောင်နိုင်ဖို့ အဓိက အခြေခံရပါတယ်…။

အထူးသဖြင့် whole-house-scheme တစ်ခုလုံးနဲ့ Integrate ဖြစ်ဖို့ ဖန်တီးပေးရသလို Design Harmony ဖြစ်ဖို့.. သူ့ကိုပြုလုပ်မယ့် Material များ၊  အသုံးပြုမယ့်  Accessories များ၊ Structural Component များနဲ့
နောက်ဆုံး Finishing ပိုင်းမှာ မြင်တွေ့ရမယ့် Color နဲ့ Texture များကို အထူးဂရုပြုပေးရတတ်ပါတယ်…။
သို့ပေမယ့်.. သူ့ကို  အသုံးပြုမယ့် သူတွေရဲ့ Culture နဲ့ Life style ပေါ်မူတည်ပြီး သူ့ကို ထားရှိမယ့် နေရာ၊ သူ့ရဲ့ အကျယ်အ၀န်း အနေအထား အရွယ်အစား နဲ့ Designer ရဲ့ Design Idea နဲ့ Concept တွေပေါ် မူတည်ပြီး ကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်...။

Working Triangle
Working Triangle လို့ခေါ်တဲ့  Cooker, Sink, Fridge အပိုင်းသုံးခုပေါ်မူတည်ပြီး အခြေခံစဉ်းစားပေးရတဲ့ Layout ပုံစံတွေကလည်း Kitchen Design မှာ အလွန်ကို အရေးကြီးပါတယ်…။  

 Kitchen Layout ပုံစံတွေဟာ ယေဘူယျအားဖြင့်
1.   One Wall Kitchen
2.   Corridor Kitchen
3.   L Shape Kitchen
4.   U Shape Kitchen
5.   Double L Shape Kitchen
6.   Peninsular Kitchen
7.   G Shape Kitchen
8.   Island Kitchen
ဆိုပြီး ရှိပါတယ်…။

အောက် မှာ Kitchen Layout လေးတွေတစ်ခုချင်းစီကို ရိုးရိုးရှင်းရှင်းလေး မြင်နိုင်ပါတယ်…း)
« Last Edit: March 18, 2010, 02:20:21 PM by johnmoeeain » Logged

ဟိုး...
အဝေးမှာ အာရုံဦး ဆိပ်ကမ်း....
တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်.......
ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း....
နှလုံးသားထဲက ကြယ်ပွင့်များ....
ထာဝရ လင်းဖြာနိုင်ပါစေသား.....။
johnmoeeain
Global Moderator
Super member
*****
Offline Offline

Gender: Female
Posts: 260

Thank You
-Given: 90
-Receive: 154


Happy Good Luck to you all!!!


WWW
« Reply #1 on: January 15, 2010, 10:33:22 PM »

























အပေါ်မှာ Kitchen Layout လေးတွေတစ်ခုချင်းစီကို ရိုးရိုးရှင်းရှင်းလေး မြင်နိုင်ပါတယ်…း)
ပုံလေးကို Double Click လေး ခေါက်လိုက်ရင်လို့ ပြောတာပါ.. အဟိ
« Last Edit: March 18, 2010, 02:23:01 PM by johnmoeeain » Logged

ဟိုး...
အဝေးမှာ အာရုံဦး ဆိပ်ကမ်း....
တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်.......
ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း....
နှလုံးသားထဲက ကြယ်ပွင့်များ....
ထာဝရ လင်းဖြာနိုင်ပါစေသား.....။
johnmoeeain
Global Moderator
Super member
*****
Offline Offline

Gender: Female
Posts: 260

Thank You
-Given: 90
-Receive: 154


Happy Good Luck to you all!!!


WWW
« Reply #2 on: January 15, 2010, 10:42:34 PM »

အိမ်လေးအတွင်းမှာ Kitchen လေးတွေကို ထားတတ်သလို တစ်ခါ တစ်ခါ မှာ Outdoor အနေနဲ့လည်း Kitchen လေးတွေကို ထားတတ်ပါသေးတယ်… ။ အောက်က ပုံမှာ Outdoor Kitchen လေးကို မြင်နိုင်ပါတယ်…။
 


ကျွန်တော်တို့ နိုင်ငံမှာတော့ အချို့အိမ်တွေက အိမ်မကြီးကနေ အဖီလေးတွေ တွဲပြီး Kitchen လေးတွေကို ထားတတ်ကြပါသေးတယ်…။ ဒီလို အဖီလေးတွေ တွဲပြီးထားတဲ့အခါဆိုရင်တော့ Design စဉ်းစားတဲ့အခါမှာ ပုံမှန်ထက် Right Height, Sufficient Light, Access Equipment နဲ့ Suitable Ventilation ရရှိအောင် ပိုပြီး ဂရုစိုက်ပေးရမှာပါ..။
 


Working Triangle လေးရဲ့ ပတ်ပတ်လည် အလျား (Perimeter) လေးဟာ Minimum 12’ ကနေ Maximum 22’ အတွင်း မှာ ရှိအောင်လည်း ဂရုပြုပေးရမှာပါ…။
 Working Triangle ပေါ်မူတည်ပြီး Layout Plan လေးတွေကို စဉ်းစားပေးရသလို တစ်ဖက်မှာလည်း Kitchen တစ်ခုကို Eating Zone, Baking Zone, Cleaning Zone, Cooking Zone ဆိုပြီး သက်ဆိုင်ရာ အပိုင်း ကဏ္ဍအလိုက် Zone လေးတွေ ခွဲခြားပြီး Function နရီ မှန်အောင် စဉ်းစားပေးရပါတယ်..။
 


အဓိက အနေနဲ့ကတော့ Working Triangle အတွင်း Cooker, Sink, Fridge ဆိုတဲ့ Cooking, Cleaning, Storage Function ကို အထူးဦးစားပေး စဉ်းစားသလို Zone အပိုင်းလိုက် Appliances လေးတွေ Equipment လေးတွေကို နေရာချမှန်ကန်ဖို့လည်း စဉ်းစားဖို့ပါ…။
Smiley  
Kitchen လေးကို Layout အလိုက် Zone အလိုက် ပိုင်းခြားပြီး Plan ချဖို့ စဉ်းစားသလို ဒီ Plan လေးအတွင်းမှာ Kitchen ကို Fitted အနေနဲ့ ထားရှိမှာလား၊ Unfitted အနေနဲ့ ထားရှိမှာလား ဆိုတာကိုလည်း စဉ်းစားပေးရမှာပါ…။
Fitted Kitchen လေးတွေက Standard ပိုဖြစ်တဲ့အလျောက် ဈေးကွက်အတွင်းမှာ လွယ်လွယ်ကူကူ ၀ယ်ယူလို့ရနိုင်သလို Install လုပ်ဖို့လည်း လွယ်ကူပါတယ်..။
Neat & Tidy ဖြစ်တဲ့ Fitted Kitchen လေးတွေဟာ Small Space လေးပဲ ရရှိတဲ့ Kitchen လေးတွေအတွက် အဆင်ပြေစေပါတယ်..။ Material တွေကလည်း Uniform ဖြစ်နိုင်သလို Harmony ဖြစ်တဲ့ Design လေးကို ခံစားနိုင်ပါတယ်….။
တစ်ဖက်မှာ Unfitted Kitchen လေးတွေကတော့ ဒီဇိုင်းလေးတွေကို စနစ်တကျ စဉ်းစားပြီး သီးခြား ခွဲထွက် လုပ်ကိုင်နိုင်တဲ့အတွက်  Personal ပိုဆန်တယ်လို့ ဆိုနိုင်ပါတယ်…။
Kitchen တစ်ခုဟာ Layout Plan လေးတွေ Confirm ဖြစ်ရင်တော့ ဒီ Kitchen လေး အတွင်းမှာ အသုံးပြုဖို့ Gas, Electricity, Water, Heating တွေကို ဘယ်လို ယူမှာလဲဆိုတဲ့ Power service တွေကို ဘယ်လိုပေးမလဲဆိုတာ ဆက်လက်စဉ်းစားပေးရပါတယ်…။ Safety ဖြစ်ဖို့ အထူး စဉ်းစားရသလို Function မှန်ဖို့လည်း စဉ်းစားပေးရပါတယ်..။ တစ်ဖက်မှာ Lighting Effect တွေကို ထည့်သွင်းစဉ်းစားဖို့ လိုသလို Noise ကို ထိန်းဖို့ Walling နဲ့ Ceiling တွေရဲ့ Material တွေကိုလည်း ဂရုပြုပေးရပါတယ်…။ အသေးစိတ် စဉ်းစားရင်တော့လည်း အများကြီးပေါ့ Tongue

ဒီဇိုင်နာ တစ်ဦးအတွက်ကတော့ မိမိကို ယုံကြည်ကိုးစားပြီး လာခဲ့တဲ့ Client တွေအတွက် သူတို့လိုအပ်ချက်တွေကို သိနားလည်ဖို့ ကနဦး ကြိုးစားသင့်သလို Client တွေရဲ့ Nature ကိုလည်း ဖမ်းဆုပ်မိဖို့က အရေးအကြီးဆုံးဖြစ်မှာပါ…။
တစ်ဖက်မှာလည်း မိမိအနေနဲ့ သူတို့အတွက် စဉ်းစားပေးပုံနဲ့ မိမိ ဒီဇိုင်းရဲ့ Effect ဖြစ်ပုံကို Client တွေကို နားလည်အောင် ရှင်းပြပေးဖို့ လိုမှာပါ…။
မသိ နားမလည်ထားတဲ့သူတွေဆိုရင်လည်း Educated လုပ်ပေးဖို့ လိုမှာပါ…။
ကျွန်တော်ကတော့ စာဖတ်တာနဲ့ တွေးတာကိုပို ၀ါသနာပိုပါပေမယ့် Educated လုပ်ဖို့တော့ နည်းနည်းပျင်းတယ်…. Tongue
အခုကတော့ အေးဆေးပေါ့.. ။ နောက်တော့လည်း ကြိုးစားရမှာပေါ့လေ… Cheesy….။

« Last Edit: March 18, 2010, 02:24:59 PM by johnmoeeain » Logged

ဟိုး...
အဝေးမှာ အာရုံဦး ဆိပ်ကမ်း....
တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်.......
ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း....
နှလုံးသားထဲက ကြယ်ပွင့်များ....
ထာဝရ လင်းဖြာနိုင်ပါစေသား.....။
johnmoeeain
Global Moderator
Super member
*****
Offline Offline

Gender: Female
Posts: 260

Thank You
-Given: 90
-Receive: 154


Happy Good Luck to you all!!!


WWW
« Reply #3 on: January 15, 2010, 10:54:56 PM »

"KITCHEN DESIGN"

Rustic kitchens များဟာ American ဆန်တဲ့ ဒီဇိုင်းလို့ ခေါ်ဆိုရမည်လားမသိ…။ အမေရိကတိုက်ဖက်မှာ တွေ့လေ့ရှိတဲ့ ဒီဇိုင်းပါ…။ သူ့ရဲ့ ဒီဇိုင်းဟာ structural ကိုယ်ထည်အတိုင်းပဲ ထားရှိပြီး အကြမ်းထည်ဆန်ဆန်ပါ…။ ဥပမာ Ceiling တွေမှာဆိုရင်လည်း ceiling beam တွေကို ဖုံးအုပ်ထားခြင်းမျိုး မရှိပဲ အရှိအတိုင်းထားပြီး ၎င်းကိုမှ ဒီဇိုင်းအတွင်း ထည့်သွင်းထားတာမျိုးပေါ့…။ အရိုင်းဆန်တယ်လို့တော့ တင်စားရမှာပေါ့လေ.. Tongue  ဒီ Kitchen တွေဟာ အညိုရောင်၊ အနီရောင် အစိမ်းရောင်နဲ့ အ၀ါရောင်တွေကို အထူး အသုံးပြုလေ့ ရှိကြပါတယ်…။ Mediterranean/ Tuscan Style Kitchen များကလည်း Rustic Kitchen များလိုပါပဲ…။ သူတို့ရဲ့ furniture များဟာ အများအားဖြင့် Heavy ဖြစ်အောင် လုပ်ကြသလို Dark Color တွေကို အသုံးများကြပါတယ်…။ Countertops နဲ့ Cabinets များဟာ အများအားဖြင့် door တွေထက် drawer (အံဆွဲ)တွေ များတတ်ကြပါတယ်…။



Outdoor kitchens ပုံစံလေးကလည်း ရိုးရိုးရှင်းရှင်း လေးပါပဲ…. အဲ့.. တစ်ခြား Indoor Kitchen လေးတွေနဲ့တော့မတူဘဲ တစ်မျိုး တစ်ဘာသာ ထူးခြားတာပေါ့လေ…။ ဒီ Kitchen လေးအတွင်းမှာ အထူးသဖြင့် Barbecue လိုမျိုး လုပ်စားဖို့အတွက် Area လေး တစ်ခုကတော့ မပါမဖြစ်ပေါ့…။ Food Prep လုပ်ဖို့နဲ့ အစားစားဖို့အတွက် dining counter သို့မဟုတ် table လေးက သီးခြားစီ ရှိတတ်ပါတယ်..။ Island Kitchen မျိုးပေါ့.. Cheesy.. အခြား Indoor Kitchen များလိုပါပဲ.. Power Service ပေးတာတွေကလည်း အတူတူပါပဲ…။ တစ်ခု ထူးခြားတာက ဒီလို Outdoor ဖြစ်အောင် ဖန်တီးထားတာကိုက Entertainment ဖက်ကို နွယ်တဲ့အတွက် အပန်းဖြေဖို့ topic တစ်မျိုးမျိုးနဲ့ ဒီဇိုင်းကို စဉ်းစားပေးရတာပါပဲ…။



Country kitchens လေးတွေကတော့ သဘာဝပိုဆန်ပြီး active ဖြစ်တယ်လို့ ခံစားစေပါတယ်..။ အရောင်လွင်လွင်၊ အရောင်စိုစိုလေးတွေကို အသုံးပြုလေ့ရှိကြပြီး ဒီ Kitchen အတွင် အသုံးပြုတဲ့ ပစ္စည်းလေးအများစုက အများအားဖြင့် လက်ဖြစ် Handcraft လေးတွေပါ..။ ရိုးရိုးစင်းစင်းနဲ့ ဆွဲဆောင်မှု ရှိသလို ထင်ရပါတယ်..။ အဲ့… Handcraft လို့ဆိုတဲ့နေရာမှာ Sink တွေဘာတွေကတော့ ဘယ်ပါမလဲနော် Tongue ပန်းအိုးလေးတွေ သစ်သီးခြင်းလေးတွေ… နဲ့ အလှဆင်ဖို့ နေရာလေးတွေကို ဖန်တီးပေးထားရသလို ဒီ Kitchen လေးတွေကိုက ခြံဝန်းလေးနဲ့ အနီးဆုံးနေရာမှာ ရှိနေတတ်ပါတယ်..။ တစ်ခါတစ်ရံ ဒီ Kitchen လေးတွေက အိမ်မကြီးကနေ ခွဲထွက်ပြီး သီးခြား အိမ်လေးနဲ့လည်း ရှိတတ်ပါတယ်..။ French Country, English Country, Tuscan Country Kitchen လေးတွေက နာမည်ကြီး ထင်ရှားလေရဲ့…။

« Last Edit: March 18, 2010, 02:28:56 PM by johnmoeeain » Logged

ဟိုး...
အဝေးမှာ အာရုံဦး ဆိပ်ကမ်း....
တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်.......
ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း....
နှလုံးသားထဲက ကြယ်ပွင့်များ....
ထာဝရ လင်းဖြာနိုင်ပါစေသား.....။
johnmoeeain
Global Moderator
Super member
*****
Offline Offline

Gender: Female
Posts: 260

Thank You
-Given: 90
-Receive: 154


Happy Good Luck to you all!!!


WWW
« Reply #4 on: January 15, 2010, 10:58:59 PM »

Contemporary kitchens များဟာ Contemporary လို့ဆိုတဲ့အတိုင်း ခေတ်နဲ့ အပြိုင်ပေါ့လေ.. “ခေတ်ပြိုင်” ပေါ့ Cheesy…။  ရိုးရှင်းနဲ့ ပုံပန်း သဏ္ဌာန်၊ အရောင်အသွေးများနဲ့ အနု အရွ အလှ အပတို့ကို ကျွမ်းကျင်လှပစွာ ခံစားဖန်တီးထားတဲ့ ဒီဇိုင်းလို့ ခေါ်ဆိုရမှာပေါ့နော်…။ အများအားဖြင့် horizontal line တွေ နဲ့ ရိုးရှင်းစွာ ဖွဲ့တည်တတ်ပါတယ်…။ Space တစ်ခုအတွင်းမှာ ထားရှိမယ့် ပစ္စည်းလေးတွေရဲ့ အရွယ်အစားတွေ၊ နေရာအထားအသိုတွေ Balance ဖြစ်ဖို့ထက် အမြင်အာရုံမှာ အရောင်ကာလာများနဲ့ ဟန်ချက်ညီညီ ဖမ်းစားဖို့ကို ဒီ ဒီဇိုင်းလေးက ရည်ရွယ်လေရဲ့..။ ဒီ Contemporary မှာ အများအားဖြင့် အသုံးပြုတတ်တဲ့ material တွေကလည်း natural ဖြစ်တဲ့ ပစ္စည်းတွေ (ဥပမာ - သစ်သား) ထက် man made ဖြစ်တဲ့ stainless steel, laminate, frosted glass inserts, concrete, linoleum (ဖယောင်းပုဆိုး), chrome and lacquer (သစ်စေး ကဲ့သို့), slate, recycled plastic တွေကို အသုံးပြုလေ့ရှိတတ်ပါတယ်…။ အခန်းလေးတစ်ခန်းကို Contemporary Design လေးလုပ်ထားရင် အများအားဖြင့် Door တွေဟာ Swing Door တွေထက် Sliding Door လေးတွေ ဖြစ်နေတတ်သလို Wall တွေဟာလည်း plain လေးတွေ ဖြစ်နေတတ်ပါတယ်…။ (တကယ်လို့ Pattern လေးတွေကို wall မှာထည့်ချင်ရင်လည်း texture plaster တွေ Wall paper တွေကို လိုက်ဖက်ညီအောင် သုံးတာပေါ့နော်း) ) နောက်.. Nature ဖြစ်တဲ့ Wood တွေကို သုံးမယ်ဆိုရင်လည်း သစ်ကွက်တွေ အဆင်ဆန်းတွေကို သုံးတာထက် Dark Color Wood တွေကိုပဲ သုံးလေ့ရှိပါတယ်..။ Floor တွေကလည်း ချောမွတ် တောင်ပြောင်တဲ့ ပုံစံရှိတဲ့ material တွေကို သုံးလေ့ရှိပါတယ်…။  အလင်းအမှောင် Lighting အတွက်ဆိုရင်လည်း Neon Tubes တွေကို အသုံးပြုတာများပါလေရဲ့..။ Kitchen အတွင်းမှာ မပါမဖြစ်တဲ့ Appliance လေးတွေကိုလည်း တတ်နိုင်သမျှ Cabinet လို နေရာတွေထဲမှာပဲ ထားရှိလေ့ရှိတဲ့အတွက် Contemporary Design Kitchen လေးတွေဟာ ဟိုဟိုဒီဒီ ချိတ်ဆွဲအလှဆင်တာတွေထက် ရိုးရှင်းတဲ့ ဟန်ပန်နဲ့ ခေတ်ဆန်ကြော့မော့နေဟန် ဖန်တီးပြီး ကျွန်တော့်တို့ရဲ့ ခံစားချက်တွေကို ဖမ်းစားညို့ယူနေတာပါ…။





Traditional kitchens
များဟာ ပုံစံကျ၊ ခမ်းနားတဲ့ သွင်ပြင် လက္ခဏာတွေနဲ့ ဖွဲ့စည်းထားပါတယ်…။ အထူးသဖြင့် American နဲ့ European Homes တွေမှာ 18 ရာစုလောက်ကတည်းကနေ စတင်ခဲ့တဲ့ ဒီဇိုင်းပါ…။ အစဉ်အလာကြီးသလို ခမ်းနားမှုလည်း ရှိပါတယ်…။ အသုံးပြုတဲ့ material တွေကလည်း cheery, walnut, mahogany လို သစ်သားတွေ များပါတယ်…။ (ကျွန်တော်တို့ နိုင်ငံမှာဆိုရင်တော့ ကမ္ဘာကျော်တဲ့ မြန်မာ့ကျွန်းသစ်ပေါ့ Cheesy)။ Contemporary နဲ့ ဆန့်ကျင်ဖက်လိုပါပဲ…။ Stainless Steel တွေလို Glass တွေလို material တွေကို အသုံးပြုလေ့ မရှိပါဖူး…။ ဒါ့အပြင် ဒီ Kitchen လေးတွေမှာ ပန်းအိုးလေးတွေထားရှိပြီး သဘာဝဆန်အောင်လည်း အလှဆင်တတ်ကြပါသေးတယ်.…။ ယနေ့ ခေတ်မှာတော့ Traditional Kitchen လေးတွေမှာ Modern Light တွေကို အမြင်အာရုံကို သိမ်မွေ့စွာ လှည့်စားပြီး ထားရှိလာကြလေရဲ့…။Space တစ်ခုကို နေရာအနှံ့ ဟိုဟိုဒီဒီ အလှဆင်တတ်သတဲ့ Traditional Kitchen ပုံစံဟာ အမြင်အာရုံမှာ ရှင်းရှင်းလင်းလင်း ခံစားလို့ မရပေမယ့် material အားလုံးကို လိုက်ဖက်ညီအောင် နေရာတကျ၊ စနစ်တကျ၊ အချိုးညီညီ ထားရှိပြီး အလှဆင်ထားတဲ့ Traditional Kitchen တွေဟာ ခမ်းနားမှုတွေကို ခုံမင်တဲ့သူတွေအတွက်ကတော့ ဘယ်ခါမှ မရိုးသွားနိုင်ပါဖူး…။



Transitional kitchens တွေကတော့ Traditional နဲ့ Contemporary Design တွေကို အချိုးညီညီ ပေါင်းစပ်ထားတာပါ…။ သဘာဝ ပစ္စည်းတွေရော man-made material တွေကိုရော အသုံးပြုလေ့ရှိပါတယ်….။ တကယ်လို့များ ကျွန်တော်တို့အနေနဲ့ bamboo flooring လေးတွေနဲ့ modern lighting effect လေးတွေကို ခံစားချင်တဲ့အခါမျိုးတွေမှာပေါ့လေ Cheesy…။




ပုံလေးတွေကိုအဆင်ပြေအောင်ပြင်ပေးခြင်း
« Last Edit: March 18, 2010, 02:30:51 PM by johnmoeeain » Logged

ဟိုး...
အဝေးမှာ အာရုံဦး ဆိပ်ကမ်း....
တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်.......
ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း....
နှလုံးသားထဲက ကြယ်ပွင့်များ....
ထာဝရ လင်းဖြာနိုင်ပါစေသား.....။
pargyi
Global Moderator
Sr. Member
*****
Offline Offline

Posts: 131

Thank You
-Given: 54
-Receive: 60


« Reply #5 on: January 18, 2010, 12:04:39 AM »

ကောင်းတယ် ညီမလေး..အဲဒီ အိုင်ဒီယာလေးတွေကို အခြေခံပြီး...kitchen လေးတစ်ခုလောက်ဖန်တီးပြီး..
ရှင်းပြပေးပါဦးလား..အချိန်ရခဲ့ရင်ပေါ့... Smiley

« Last Edit: January 18, 2010, 09:58:32 AM by johnmoeeain » Logged
johnmoeeain
Global Moderator
Super member
*****
Offline Offline

Gender: Female
Posts: 260

Thank You
-Given: 90
-Receive: 154


Happy Good Luck to you all!!!


WWW
« Reply #6 on: January 18, 2010, 09:58:57 AM »

Quote
ကောင်းတယ် ညီမလေး..အဲဒီ အိုင်ဒီယာလေးတွေကို အခြေခံပြီး...kitchen လေးတစ်ခုလောက်ဖန်တီးပြီး..
ရှင်းပြပေးပါဦးလား..အချိန်ရခဲ့ရင်ပေါ့... Smiley

ဟုတ်ကဲ့..... ကြိုးစားလိုက်ဦးမယ် အစ်ကိုရေ....

3Dmax လေးကို ပြောပေးမယ့်သူလည်းရှိ (အပေါ်က အစ်ကိုကြီး) ...
Design Idea လေးကို ပေးမယ့်သူလည်း ရှိ (ဥပမာ ကို MTZO) လို လူတွေ ရှိမှတော့
လုပ်နိုင်ရတော့မှာပေါ့နော်... Smiley အဟိ
Logged

ဟိုး...
အဝေးမှာ အာရုံဦး ဆိပ်ကမ်း....
တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်.......
ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း....
နှလုံးသားထဲက ကြယ်ပွင့်များ....
ထာဝရ လင်းဖြာနိုင်ပါစေသား.....။
Pages: [1]   Go Up
Print
Jump to: